သံယောဇဉ်
သိပ်အစွဲအလမ်းကြီးလွန်းတဲ့သူငယ်ချင်းလေးမို့ရင်းရင်းနှီးနှီးလေး နေလိုက် ပြန်ရင်လည်း ရင်စေ့ကြယ်ရောင်စုံတွေ စောစောစီးစီး ကြွေလာလေမလား စိုးရိမ်လွန်,လွန်လာလို့ ခေါင်းပဲခါလိုက်ရမလား ခေါင်းပဲငြိမ့်လိုက်ရမလား ကိုယ်နဲ့ ကိုယ် အငြင်းပွားနေမိရင် ကောင်မလေးက မကျေမနပ် နှုတ်ခမ်းလေး စူရင်စူ၊ ခါးလေးထောက်ရင် ထောက်၊ ဖနောင့်လေးဆောင့်ရင် ဆောင့်၊ မျက်စောင်းလေးထိုးရင်ထိုးနဲ့ ချစ်စနိုး စိတ်ကောက်ပြဦးမယ်လို့ ပြုံးလိုက်ရင်း မနက်ဖြန်ပေါင်းများစွာ အလျားလိုက် ရှည်မျောထွက်နေရဦးမယ် ။
+ စိုးလှိုက်ဦး +
Labels: love, စိုးလှိုက်ဦး
Post a Comment