လေခိုနေတဲ့ ညနေ
(၁)
နေက အတော်လေး စောင်းသွားပြီ...။
(၂)
ညနေခင်းရထားနဲ့ ဆိုက်ရောက်လာလိမ့်မယ်
ပေါင်မုန့်အသစ်တွေနဲ့ ၀ိုင်ချိုအိုးတွေ...
စားခွင့်မရရင်တောင် ချိုအီနေနိုင်တဲ့
အခိုင်လိုက် စပျစ်သီးတွေ....
တစ်ဖွဲ့ကြီး ဆိုက်ရောက်လာလိမ့်မယ်..။
(၃)
ရထားကြိုဖို့ ထွက်လာ
လေကလေးချွန်တဲ့ပြီး
စိတ်လက်ကြည်သာပန်းတွေ
ဆယ်နှစ်ရာသီစာ တပြိုင်တည်းပွင့်
စမ်းချောင်းလေးထဲ
လှိုင်းသားပေါက်လေးတွေ ခုန်ထ
ဘူတာ နီးလာပြီ....!!!!
ရထားအကြိတ်ခံရတဲ့ သံလမ်းလို
ရင်အုံလေး တုန်ခါပြ
ဘူတာနီးလာ......ရင်အုန်တုန်ခါ
ပိုနီးလာ........အရမ်းတုန်ခါ
(၄)
ဝင်လာဘီ
ရထား ကိုယ့်ဆီ ၀င်လာဘီ
မဟုတ်သေးဘူး
ကိုယ်က ညနေခင်းထဲ ၀င်သွားတာ
ဟိုမှာ..!! ရနံ့တွေ မဟုတ်လား
ပေါင်မုန့်သစ်ရနံ့
စေးပျစ်ထုံအီ ၀ိုင်ခ်ျိုရနံ့ တလူလူ
ဦးထုပ်ဖြူလေး ထက်အောက်လှုပ်ပြနေတာကရော
ဟုတ်လား..!! ဒါ
သိပ်ကို ရည်ငံနေပါလား
ကိုယ့်အတွက် “တိုးတိုးဖော်” တဲ့လား
ထခုန်စမ်း!!!!!!!
ဝမ်းသာဟောက်ပက် ထခုန်ပစ်စမ်း
ဒီလိုတော့လည်း စိတ်ကောင်းရှိလှချေလား
ရထားက ကိုယ့်ဆီ အပြေးကလေး..
သခင်ကြိုခွေးလေးတစ်ကောင်လို
ကိုယ်က အမောတကော ပြေးလွှား..
ရထားက မီးခိုးအူလို့ လေထဲမှာ ... ... ..
ကိုယ်က မီးခိုးအူလို့ လေထဲမှာ ... ... ..
(၅)
ဒီကနေ့ထုတ် သတင်းစာက
ဒီလို ဖော်ပြထားတယ်
“................နပိုလီယန်အတွက်
ဘရပ်ဆဲလ် ကပွဲတွေမှာ ဘရိတ်ပေါက်ခဲ့တယ်၊
လူအိုရုံဘူတာလေးမှာ......
မနေ့က ရထား ဘရိတ်ပေါက်ခဲ့တာလည်း
သိပ်ကို ကျိန်းသေတယ်.....”
(၆)
နေက အတော်လေး စောင်းသွားပြီ.....။
- မျိုးသက်နှစ် -
Labels: love


ဒီကနေ့ထုတ် သတင်းစာက
ဒီလို ဖော်ပြထားတယ်
“................နပိုလီယန်အတွက်
ဘရပ်ဆဲလ် ကပွဲတွေမှာ ဘရိတ်ပေါက်ခဲ့တယ်၊
လူအိုရုံဘူတာလေးမှာ......
မနေ့က ရထား ဘရိတ်ပေါက်ခဲ့တာလည်း
သိပ်ကို ကျိန်းသေတယ်.....”
ကောင်းလိုက်တဲ့ ကဗျာပါလား
Posted by
မသက်ဇင် |
May 14, 2009 1:43 PM
ကဗျာကောင်းတယ်
ကြိုက်တယ်
Posted by
ကဗျာဦး |
May 25, 2009 6:17 AM
၅)
ဒီကနေ့ထုတ် သတင်းစာက
ဒီလို ဖော်ပြထားတယ်
“................နပိုလီယန်အတွက်
ဘရပ်ဆဲလ် ကပွဲတွေမှာ ဘရိတ်ပေါက်ခဲ့တယ်၊
လူအိုရုံဘူတာလေးမှာ......
မနေ့က ရထား ဘရိတ်ပေါက်ခဲ့တာလည်း
သိပ်ကို ကျိန်းသေတယ်.....”
(၆)
နေက အတော်လေး စောင်းသွားပြီ.....။
တွေးရင်းခံစားဖတ်ပါတယ်
Posted by
မေမေခင် |
November 2, 2009 11:55 AM
"လေခိုနေတဲ့ ညနေ"
ကို
ခံစားသွားတယ်
Posted by
Nan |
November 5, 2009 1:44 PM
ကဗျာလေးကောင်းလို့ထပ်ဖတ်သွားတယ်
Posted by
မနန်း |
December 7, 2009 5:20 AM