ဆေးရုံ
ကမ္ဘာပေါ် ငါတို့ရောက်လာခြင်း အကြောင်းအရာတစ်ချို့
ကိုယ်အခြမ်းပျောက်ကို ရှာဖို့လည်းပါတယ်
ဘယ်လိုလဲဆိုတော့
ဓါတ်မှန်ရိုက်ကြည့်သလိုမျိုးပေါ့
ရောဂါပိုးမွှားရှာသလို ရှာခဲ့ကြတယ်
ဖြစ်ရပုံက ဆေးရုံတစ်ခုမှာပေါ့
ပျင်းတ်ာနဲ့ ဆေးရုံတက်ဖို့ ရောက်သွားတယ်
လူနာကုတင်ပေါ်မှာ ကိုယ်စာဖတ်နေတယ်
အပျင်းပြေ ဆေးပြားသောက်ချင်လည်း သောက်မှာပေါ့
ဒီအဖြစ်ကို မြင်တဲ့ ဆရာမတစ်ယောက်က
(နောက်မှ သူပြောတာ သနားလို့တဲ့ )
အဲဒီတော့ ကိုယ်အပျင်းပြေဖို့ပေါ့
ကိုယ်သွေးထဲ ပိုးမွှားတွေလွှတ်ထည့်လိုက်တယ်
ဒီကတည်းက... ...
ဆရာမလေးထံ ကိုယ်ဟာနာဖျားသူစစ်စစ်
ဒီကတည်းက... ...
ကိုယ့်ရောဂါ ပိုးမွေးသလိုမွေးခဲ့
ဒီကတည်းက... ...
ဒီကတည်းက... ...
ဘယ်လိုလဲဆိုတော့... ..
ကိုယ်ကသူ့ကို ချစ်တယ်ဆိုတာ
အရူးမက သူ့သားငယ်ကို ဘယ်လိုချစ်သလဲဆိုတာပေါ့
ဘယ်လိုလဲဆိုတော့...
ဓါတ်မှန်ရိုက်ကြည့်သလိုမျိုးပေါ့
ကမ္ဘာပေါ် ငါတို့ရောက်လာခြင်း အကြောင်းအရာတစ်ချို့
ဆေးကုသမှု ခံယူဖို့ ရောက်လာသူများလဲဖြစ်ရဲ့
အဲဒါကို ပြောဖို့မေ့နေတယ်...။ ။
- မျိုးသက်နှစ် -
Labels: love


ကောင်းတယ်။ခံစားတယ်
Posted by
ကဗျာဦး |
October 18, 2009 1:28 PM
အညာမြေကို လာချင်လိုက်တာရှင်
ကဗျာတွေဖတ်ရတာ အားရတယ်
Posted by
မေမေခင် |
November 2, 2009 11:56 AM