« Home | ဟာမိုနီ » | ရွက်ကြွေပုံပြင် » | ဒိုင်ယာရီ အ၀ါ » | ညီမလေးရဲ့ခေတ်ပေါ်ချွေးနံ့ » | ဂြိုဟ်ပဲ့ပေါ်မှာ ထွင်းထုထားတဲ့ ပေးစာ » | အရေးတကြီးသစ်ပင် » | အချစ်ဦး » | အရေးပေါ် လူနာ » | နွေရာသီပြဇာတ် » | ကြိုးမညီတဲ့ သီချင်း »

သားကောင်

ရောက်နေတဲ့ နေရာကနေ ကြည့်မယ်ဆိုရင်
ခရီးအစဟာ တော်တော်ဝေးဝေးမှာ ကျန်ခဲ့ပြီ
ဆန့်ကျင်ဘက်ဆိုတာ
တရားသဘော အနိမ့်အမြင့်
ဘဝ
တစ်တောင်ဆင်းရင် တစ်တောင်ကျော်
သံသရာ
တောင်ပတ်လမ်းလေး
အိပ်မက်တွေကို လွန်းတင်ထားသော
ချုပ်ရိုးတွေဆွေးခဲ့ပြီ
စိတ္တဇညများထဲ
သွေးကြောတွေက အခိုးအငွေ့ ဆန်ဆန်
ဖောက်ထွက်လာတဲ့ အသံနက်ကြီးထဲ
ရင်လှိုင်းတွေ တလိမ့်လိမ့်တက်လာပုံ
ကမ်းမဲ့
လမ်းမဲ့
ကမ္ဘာမြေအစွန်းမှာ
နောက်ခံတေးဂီတာဟာ တောခြောက်ခန်း။

နေမျိုးလင်း
(နေမျိုးလင်း(မုံရွာတက္ကသိုလ်)ကလောင်အမည်ဖြင့် ရယ်စရာမဂ္ဂဇင်းတွင် ပါခဲ့သည်။)

Labels: ,

Feeds & Traffic


Powered by  MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Msn bot last visit powered by MyPagerank.Net


Recent Comments




Visitors


FREE Hit Counters!

License


Creative Commons License
MyLittlePoemFactory by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at daywalker-poem.blogspot.com.
Permissions beyond the scope of this license may be available at http://daywalker-poem.blogspot.com.