« Home | မိသားစု » | အရောင်ပျယ်နေတဲ့ နေ့ » | သားကောင် » | ဟာမိုနီ » | ရွက်ကြွေပုံပြင် » | ဒိုင်ယာရီ အ၀ါ » | ညီမလေးရဲ့ခေတ်ပေါ်ချွေးနံ့ » | ဂြိုဟ်ပဲ့ပေါ်မှာ ထွင်းထုထားတဲ့ ပေးစာ » | အရေးတကြီးသစ်ပင် » | အချစ်ဦး »

ကိုယ့်အိမ်ရှေ့ က အရေးတကြီး ခေါင်းလောင်းသံ


(သက်သေပြချက်ပေးစရာ လိုလို့လား
အချစ်မှာ ။
ငါ့ကို ရင့်ရင့်သီးသီးလေးပြန်ပြောစမ်းပါ )
မင်းခြေထောက်လေး နှစ်ချောင်းနဲ့သာ
အတူလျှောက်ရမယ်ဆို
အမြဲတမ်း မိုင်ပေါင်း-၁၅၀၀
ရယ်သံလေး ကြားရရုံနဲ့
အရည်ပျော်ချင်နေတဲ့ ငါပါ ခလေးမရယ်........။

သက်ရှိအလှတရား
နွယ်တက်သစ်ပင် နင်လေ
ဆံစနွယ် ကျေပြင်ပေါ်တွဲခို
ခါးအထိရှည်တဲ့ အင်္ကျီကို ၀တ်မယ်
လက်မောင်းသားလေးလဲ ပေါ်နေမယ်
စက်ဘီး အနှေးစီးရင်း
တိုးတိုးလေး သီချင်းညဉ်းမယ်
တခါတလေ စိတ်လိုလက်ရ ရယ်မယ်
ဇာတ်နာတဲ့ ၀ထ္တုဖတ်ပြီးရင် ငိုမယ်
လမ်းလျှောက်ရင် ကိုယ်လုံးလေး လှုပ်ခါမယ်
စပယ်ရနံ့ ခေါင်းလျှော်ရည်ကို သုံးမယ်
အေရိုးဗစ် ကစားမယ်
ဒီနှစ်ပိုင်းထဲ တရားလည်း ထိုင်ဦးမယ်
အဲဒီလို မင်းကို အလွတ်ရနေတာတောင်
ငါ့အတွက် အောင်မှတ် မနီးသေးဘူးလားကွယ်။

ကိုယ့်တံတွေး ကိုယ်မျိုရတာလောက်
ကိုယ့်ဆန္ဒကိုယ်မျိုရတာ မလွယ်လွန်းလို့
မြို့ ကြီးပြကြီးတွေလို မစိမ်းစမ်းနဲ့ကွယ် ။
ခြေချော်လက်ချော် ဒီစာမေးပွဲအောင်ပြီးရင်
“ကားအ၀င်အထွက် ရှိသည် ဆိုင်းဘုတ်ပြားလေး
ခပ်တည်တည် ချိတ်ဆွဲမယ်
ငါရဲ့ အိမ်နံပတ်ကို
မင်းနာမည် ရေးထိုးမယ်
ဆေးလိပ်လည်း ဖြတ်မယ်
လိုအပ်ရင် ဆံပင်တွေပါ ဖြတ်မယ်
ချစ်သူကို အဝေးက မြင်နိုင်မယ့်
မျက်မှန်ထူထူလည်း ၀ယ်ဝတ်လိုက်ဦးမယ်
အဲသလို အလင်းလုရင်း အရပ်ပိုရှည်လာခဲ့
ငါ့ ဒီအချစ်ကဗျာကို
သိပ်ပြီး စိတ်မရှည်တော့ရင်လဲကွယ်...
(ဒီက ငါ့ကို)
နေ့ချင်းညချင်း ပြန်ချစ်လိုက်ပေါ့ကွယ်.....။ ။
- မျိုးသက်နှစ် -

Labels: ,

ဟုတ်ကဲ့။ ^_^ ကဗျာလေး ကြိုက်ပါတယ်။

ယင်းမာပင်ကကဗျာဆရာတွေ တော်လိုက်တာ

ငါ့ ဒီအချစ်ကဗျာကို
သိပ်ပြီး စိတ်မရှည်တော့ရင်လဲကွယ်...
(ဒီက ငါ့ကို)
နေ့ချင်းညချင်း ပြန်ချစ်လိုက်ပေါ့ကွယ်.....။ ။

အတွေးကောင်း အတ္တ

Post a Comment

Feeds & Traffic


Powered by  MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Msn bot last visit powered by MyPagerank.Net


Recent Comments




Visitors


FREE Hit Counters!

License


Creative Commons License
MyLittlePoemFactory by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at daywalker-poem.blogspot.com.
Permissions beyond the scope of this license may be available at http://daywalker-poem.blogspot.com.