« Home | ရွက်ကြွေပုံပြင် » | ဒိုင်ယာရီ အ၀ါ » | ညီမလေးရဲ့ခေတ်ပေါ်ချွေးနံ့ » | ဂြိုဟ်ပဲ့ပေါ်မှာ ထွင်းထုထားတဲ့ ပေးစာ » | အရေးတကြီးသစ်ပင် » | အချစ်ဦး » | အရေးပေါ် လူနာ » | နွေရာသီပြဇာတ် » | ကြိုးမညီတဲ့ သီချင်း »

ဟာမိုနီ


ကောင်လေးနဲ့ ကောင်မလေးဟာ ကစားဖော်ကစားဖက်တွေ ဖြစ်တယ်။ ရေဒီယိုတစ်လုံးနဲ့ လူတစ်ယောက်လည်း ဖြစ်တယ်။ စမ်းရေအေးနဲ့ပန်း မွှေးမွှေးလည်း ဖြစ်တယ်။ ကောင်မလေးရဲ့ ဆံပင်နီကြောင်ကြောင်လေးကို ပြောင်းဖူးမွှေးတွေလို တစ်ပင်ချင်းနှုတ်ပစ်ဖို့ ကောင်လေးမှာ စိတ်အချဉ်ပေါက် တဲ့အခါလည်း ရှိတယ်။ ကောင်မလေးက သူ့ခွေးရုပ်လေးကို ကောင်းလေး ပေးထားပြီး သူလေးက ရေခဲမုန့်စားတတ်တယ်။ ကောင်လေးကိုလဲ သူပိုင် အရုပ်ကလေး ထင်နေပုံ ရတယ် ။ ကောင်လေးက ခွေးရုပ်လေးကို သိပ်အမြင် ကတ်တာပေါ့။ လမ်းထောင့်ကအမှိုက်ပုံးထဲ ထိုးထည့်ဖို့ စိတ်ကူးမိသေးတယ်။ ဒါဆို နင့်ကို မခင်တော့ဘူး ဆိုလို့ အရုပ်ကလေးကို ပွေ့ထားမြဲ ပွေ့ထားရ တယ်။ နှင်တံပေါ်နားရတဲ့ ယင်ကောင်လိုပဲ ကောင်မလေး စိတ်ကောက်ရင် အနေခက်နေတဲ့ ကောင်လေးကို မြင်တော့ ကောင်မလေးက တခစ်ခစ် ရီပြန်ရော.......။ ကမ္ဘာဦးအစဆိုတာ ဘာလဲလို့ကောင်မလေးက မေးတယ်။ နင်နဲ့ငါ ရန်ဖြစ်ပြီး ပြန်ခေါ်တဲ့နေ့တွေပေါ့လို့ ကောင်လေး ဖြေလိုက်တယ်။ ဒါကိုတော့ ကောင်မလေးဟာ သဘောကျလွန်းလို့ ပါးချိုင့်လေး ပေါ်အောင် ပြုံးတယ်။ နင် သိပ်တော်တာပဲ လို့လဲ ထောပနာပြုတယ်။ ကောင်မလေးက မျက်လုံးလေး အဝေးပို့ပြီး ပြန်စဉ်းစား ကြည့်နေပြန်တယ်။ ကမ္ဘာဦးအစရဲ့ နေရောင်ခြည်၊ သစ်ပင်၊ ပန်းနှင့်ငှက်များ အရာရာရဲ့ သစ်လွင်ပုံကို တွေ့ရ တာပေါ့။
ကောင်မလေးလက်ထဲက ရေခဲမုန့်ဟာ အရည်ပျော်ကျလို့ ........။
ကောင်လေးက ကောင်မလေးကို မျက်လုံးဝိုင်းလေးနဲ့ ငေးကြည့်လို့။
- မျိုးသက်နှစ် -

Labels: ,

ကောင်မလေးလက်ထဲက ရေခဲမုန့်ဟာ အရည်ပျော်ကျလို့ ........။
ကောင်လေးက ကောင်မလေးကို မျက်လုံးဝိုင်းလေးနဲ့ ငေးကြည့်လို့။

အော်
"ဟာမိုနီ"

Post a Comment

Feeds & Traffic


Powered by  MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Msn bot last visit powered by MyPagerank.Net


Recent Comments




Visitors


FREE Hit Counters!

License


Creative Commons License
MyLittlePoemFactory by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at daywalker-poem.blogspot.com.
Permissions beyond the scope of this license may be available at http://daywalker-poem.blogspot.com.