ရွာဝေးလေး
ရွာဝေးလေးရေ
အပူအပင်ကင်းစွာနဲ့
ညရဲ့ ရင်ခွင်ထက်မှာ
မင်းအိပ်စက်နေရောပေါ့ . . .။
နီယွန်မီးချောင်းတွေ အောက်က
ငါ့ရဲ့
အိပ်မပျော်တဲ့ ညတွေကို
မင်း သိစေချင်လိုက်တာကွယ်။
ညတွေဟာ
ညမဆန်စွာ အပြုံးတုတွေ တပ်ဆင်လို့
လမင်းကြီးကို ပျက်ရယ်ပြုနေကြရဲ့
ကောင်းကင် ပျောက်နေတဲ့
ဒီအခန်းထဲမှာ ငါ . . .
မောပန်းလိုက်တာကွယ် ...။
မိုးတိမ် အကြားက လမင်းပြူတော့
ရွာဝေးလေးဟာ
မှိန်ပြပြလင်းလို့ လှနေမှာပေါ့ကွယ်
ရွာဝေးလေးမှာ လက်ဖက်ရည်ဆိုင်မရှိဘူး၊
ဒါပေမယ့်
ရွာအဝင်ပေါက်က တမာပင်အောက်မှာ
ခုံတန်းလေး ရှိတယ်။
ရွာဝေးလေးက ဘောလုံးပွဲမကြည့်ဘူး၊
ဒါပေမယ့်
ခုံတန်းလေး ပေါ်မှာ
ညနေစောင်းရဲ့ရင်ခုန်သံတွေ ပွင့်အန်ကြတယ်။
ရွာဝေးလေးမှာ ရုပ်ရှင်ရုံမရှိဘူး
ဒါပေမယ့်
ဆေးလိပ်ခုံမှာ လူစုံတယ်။
ရွာဝေးလေးရဲ့ ညက . . .
ငြိမ်သက်တယ်
အေးမြတယ်
ကြယ်တွေစုံတယ်
မြို့ပြရဲ့ ညှော်နံ့တွေထဲမှာ
မွန်းကျပ်နေပြီကွယ်
တမာရနံ့သင်းတဲ့ ရွာဝေးလေးရဲ့
ရင်ခွင်ထဲကို အရောက်ပြန်ခဲ့မယ် ။
+ ရိုးမြင့်ကောင်းသစ်(12:15pm 30.5.06 ၊ ပခုက္ကူမြို့) +
Labels: home, life, ရိုးမြင့်ကောင်းသစ်
မြို့ပြရဲ့ ညှော်နံ့တွေထဲမှာ
မွန်းကျပ်နေပြီကွယ်
တမာရနံ့သင်းတဲ့ ရွာဝေးလေးရဲ့
ရင်ခွင်ထဲကို အရောက်ပြန်ခဲ့မယ် ။
တမာရနံ့သင်းတဲ့ ရွာဝေးလေးဆီ ပြန်ရောက်ရင်
ကဗျာတွေ ပိုထွက်လာမှာပါ ကဗျာဆရာ
Posted by
မသက်ဇင် |
May 1, 2009 at 3:48 PM
ကျွန်တော်လဲ ...ရွာဝေးလေးကို
ပြန်ရောက်ချင်လိုက်တာ...
ကောင်းပါတယ်...ကိုရိုးမြင့်ရေ...
ရွာကလေးရဲ့ ငြိမ်သက်အေးချမ်းမှုကို
မြင်သာစေပါတယ်.........။
Posted by
Unknown |
July 15, 2009 at 11:39 AM
"ရွာဝေးလေး" က လွမ်းစရာလေးနော်
ယင်းမာပင်က ကဗျာဆရာကောင်းတွေတော်တော်ထွက်တာပဲ
Posted by
Unknown |
November 1, 2009 at 7:16 AM
ရွာဝေးလေးရဲ့ ညက . . .
ငြိမ်သက်တယ်
အေးမြတယ်
ကြယ်တွေစုံတယ်
ဟုတ်တယ်နော်
လသာရက်တွေ မှာ ရွာတွေက လ က ပိုလှတယ်
Posted by
မေမေခင် |
November 3, 2009 at 1:53 PM
မြို့ပြရဲ့ ညှော်နံ့တွေထဲမှာ
မွန်းကျပ်နေပြီကွယ်
တမာရနံ့သင်းတဲ့ ရွာဝေးလေးရဲ့
ရင်ခွင်ထဲကို အရောက်ပြန်ခဲ့မယ် ။
ရွာကိုလွမ်းတယ်ဗျာ
Posted by
Anonymous |
November 13, 2009 at 5:12 PM
မသက်ဇင် ရေ။
မောင်ကုလား လည်း လိုက် မယ်။
http://wunzinminraja.blogspot.sg/
Posted by
Burman Managers,Engineers and Scientists |
April 3, 2014 at 8:18 PM