နောက်ဆုံးညနေ
အဲဒီတုန်းက ညနေပေါ့ . . . .
(အစတုန်းက ညနေလို့ ပြောရင်လည်း ရတာပဲ)
တစ်သားမွေးရင် တစ်သွေးလှတဲ့ ညနေ
ညနေတိုင်းမှာ တစ်သွေးလှပြီး
ညနေပေါင်းများစွာ မွေးဖွားရတာပေါ့
အင်း
အခုညနေ
ခံစားချက်တွေ တစ်ပုံတစ်ပင်ကြီး ဖိတ်လျှံတာတောင်
ညနေတွေထဲ မစိမ့်ဝင်တော့ဘူးတဲ့
ခက်နေတာက
နောက်ဆုံးညနေတဲ့ . . . . ၊
ဘယ်လောက်ထိ တိုးဝှေ့ကြည့်ရဦးမှာလဲ . . .
နောက်ဆုံး ညနေတဲ့ . . . ။ ။
+ အလင်းနစ် +
အဲဒီတုန်းက ညနေပေါ့ . . . .
(အစတုန်းက ညနေလို့ ပြောရင်လည်း ရတာပဲ)
တစ်သားမွေးရင် တစ်သွေးလှတဲ့ ညနေ
ညနေတိုင်းမှာ တစ်သွေးလှပြီး
ညနေပေါင်းများစွာ မွေးဖွားရတာပေါ့
အဲဒီအပုဒ်လေးကတော့ စွဲငြိဖွယ် လှလွန်းတယ်
Posted by
မသက်ဇင် |
May 1, 2009 at 3:45 PM
ကိုအလင်းနစ်က အဆိုကောင်းသလို
ကဗျာရေးလည်းကောင်းတာပဲနော်
Posted by
Unknown |
November 1, 2009 at 7:13 AM
တစ်သားမွေးရင် တစ်သွေးလှတဲ့ ညနေ
ညနေတိုင်းမှာ တစ်သွေးလှပြီး
ညနေပေါင်းများစွာ မွေးဖွားရတာပေါ့
ကောင်းတယ်ရှင်
Posted by
မေမေခင် |
November 3, 2009 at 1:57 PM