ဒီနေ့
အဲဒီလို
တစ်ခါတစ်ခါ တော့လည်း
ကိုယ်က ရယ်ရတယ်။
ရေဆန်ကို ဆန်တက်လည်း ဒီအတိုင်း
ရေစုန်ကို မျောလည်း ဒီအတိုင်း
ပြက္ခဒိန်တိုင်း ပြသဒါးနဲ့ ရက်ရာဇာ ကတော့ ပါစမြဲပဲ
ဒီနေ့ ဆိုတာကလည်း
ကိုယ်နမ်းဖို့ မေ့ကျန်ခဲ့တဲ့ ချစ်သူရဲ့ ပါးတစ်ဖက်ပဲ မဟုတ်လား
အဲဒါကို လက်ခံလိုက်ဖို့ ခက်နေတာပဲ။
ဒီနေ့မှာ
မနေ့ကထက် ပိုညံ့ဖျင်းလာတဲ့ ကိုယ်ကိုယ်တိုင်လည်း ပါနေဦးမယ်
"အသဲကွဲသီချင်း"တွေလည်း မုန်းစရာကောင်းလောက်အောင် ခေတ်စားနေဦးမယ်။
ဖျတ်ကနဲ ခိုးနမ်းဖူးတဲ့ ချစ်သူရဲ့ ပါးတစ်ဖက်ပေါ်က
ပြန်မရတော့မယ့် ရနံ့ဟောင်းလေးတွေလည်း ပါနဦးမယ်။
နောက်တကြိမ် ပြန်ဖတ်ခွင့် မရှိတော့တဲ့
သူမရဲ့ ရယ်မောသံ လွင်လွင်လေးတွေလည်း ပါနေဦးမယ်။
"ပြီးပါပြီ" လို့ စာတန်းထိုးထားတဲ့ ရုပ်ရှင်တွေလည်း ပါဦးမယ်။
ဒီနေ့မှာ
ရုံတင်တဲ့ကားက နပိုလီယံရဲ့ "မဖြစ်နိုင်တော့ဘူး" ဆိုလား
ရုံပြည့်ရုံလျှံပဲ --------
အဲဒါကို လက်ခံလိုက်ဖို့ ခက်နေတာပဲ . . .။
ဒီလိုပါပဲ
(တစ်ခါတစ်ခါ ...)
ကိုယ်က တော်တော်ရယ်ရတယ်
ဒီနေ့ကို
ဘုရာဟော တစ်ခုလို
လက်ခံလိုက်ဖို့ ခက်နေတုန်းပဲ . . . .။
+ စိုးလှိုက်ဦး +
Labels: life, love, စိုးလှိုက်ဦး
ရေဆန်ကို ဆန်တက်လည်း ဒီအတိုင်း
ရေစုန်ကို မျောလည်း ဒီအတိုင်း
ပြက္ခဒိန်တိုင်း ပြသဒါးနဲ့ ရက်ရာဇာ ကတော့ ပါစမြဲပဲ
ဒီနေ့ ဆိုတာကလည်း
ကိုယ်နမ်းဖို့ မေ့ကျန်ခဲ့တဲ့ ချစ်သူရဲ့ ပါးတစ်ဖက်ပဲ မဟုတ်လား
အဲဒါကို လက်ခံလိုက်ဖို့ ခက်နေတာပဲ။
ဒီနေ့
ခံစားသွားပါတယ်
Posted by
မသက်ဇင် |
May 1, 2009 at 3:51 PM
ကဗျာတွေအားလုံးကောင်းတယ်ရှင်
Posted by
မေမေခင် |
October 17, 2009 at 9:11 AM
ရေဆန်ကို ဆန်တက်လည်း ဒီအတိုင်း
ရေစုန်ကို မျောလည်း ဒီအတိုင်း
ပြက္ခဒိန်တိုင်း ပြသဒါးနဲ့ ရက်ရာဇာ ကတော့ ပါစမြဲပဲ
ထပ်လာဖတ်တယ်
ခံစားတယ်
ရင်ထဲတိုးဝင်တယ်
Posted by
မေမေခင် |
November 3, 2009 at 1:59 PM
စွဲမက်ဖွယ်ကဗျာလေးပါရှင်
Posted by
Unknown |
November 23, 2009 at 12:01 PM