ဆက်မရေးဖြစ်တော့တဲ့ ကဗျာ
ဟုတ်တယ်
ဒါဟာ အကြောင်းကြောင်းကြောင့် ဆက်မရေးဖြစ်တော့တဲ့
ကဗျာတစ်ပုဒ်ပဲ။
ကမ္ဘာကြီးပြားသွားခြင်းက
ကံကောင်းထောက်မသော လွဲချော်မှု့တစ်ခုကို
လှလှပပ တည်ဆောက်ခဲ့တယ်။
တည်ဆောက်ခဲ့သမျှ
အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ
လဲကျခဲ့တဲ့ ခြေလှမ်းတိုင်းဟာလည်း
သူမဆီကိုချည်းပဲ။
ယုံကြည်မှု့တချို့ကို
ကျွန်တော် အကြိမ်ကြိမ် ခိုးဝှက်နမ်းရှိုက်နေခဲ့မိသလား
"တော်ဖလာ" ရဲ့ လှိုင်းလုံးတွေက
သူမကို မျောပါလာလိုက်
ရိုက်ချ ယူဆောင်သွားလိုက်နဲ့
ဒါ တိုက်ရိုက်ပြနေတဲ့ ရှုံးထွက်ပွဲစဉ်ပဲ၊
ကိုယ့်ဂိုးထဲ ၀င်သွားတဲ့ ဘောလုံးတွေအားလုံး
ငါ ကန်သွင်းခဲ့တာ။
အလှပဆုံးသော မှားယွင်းမှုဟာ
သီချင်းတစ်ပုဒ်မှာ ကီးစမြင့်ခဲ့တယ်
အဲဒီသီချင်းဟာလည်း
(ကိုယ့် ဘဝမှာ)
အိပ်မက်ထိ ခေတ်စားဆဲပဲ။
ဝတ္တရားကျေ မေ့ပစ်ခြင်းရဲ့
ဘေးထွက်ဆိုးကျိုးဟာ
သတိရခြင်းဆိုတာ ပြောဖြစ်အောင်ပြောလိုက်ပါ
သီချင်းလေးရေ............။
အဲဒါ ခက်တာပဲ
(အရည်ပျော်သွားမှာ စိုးလို့ထင်ရဲ့---)
မကုန်သေးတဲ့ စားလက်စ ရေခဲမုန့်ကို
အမှိုက်ပုံးထဲ သူမက ထိုးထည့်ပစ်လိုက်ပြီ။
နောက်ဆုံးတော့
ငါဟာ လမ်းခွဲဘူတာလေးပဲ၊
ရထားလေးကတော့
တငြိမ့်ငြိမ့် ထွက်ခွာသွားလေရဲ့
ဟိုး . . . .အဝေးကို။
ဒီကဗျာရဲ့ အဓိပ္ပါယ်ကို
သူငယ်ချင်း
မင်း လျှောက်တွေးမနေပါနဲ့ကွာ
ဟုတ်တယ်
ဒါဟာ အကြောင်းကြောင်းကြောင့် ဆက်မရေးဖြစ်တော့တဲ့
ကဗျာတစ်ပုဒ်ပဲ။ ။
+ စိုးလှိုက်ဦး +
ဒါဟာ အကြောင်းကြောင်းကြောင့် ဆက်မရေးဖြစ်တော့တဲ့
ကဗျာတစ်ပုဒ်ပဲ။
ကမ္ဘာကြီးပြားသွားခြင်းက
ကံကောင်းထောက်မသော လွဲချော်မှု့တစ်ခုကို
လှလှပပ တည်ဆောက်ခဲ့တယ်။
တည်ဆောက်ခဲ့သမျှ
အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ
လဲကျခဲ့တဲ့ ခြေလှမ်းတိုင်းဟာလည်း
သူမဆီကိုချည်းပဲ။
ယုံကြည်မှု့တချို့ကို
ကျွန်တော် အကြိမ်ကြိမ် ခိုးဝှက်နမ်းရှိုက်နေခဲ့မိသလား
"တော်ဖလာ" ရဲ့ လှိုင်းလုံးတွေက
သူမကို မျောပါလာလိုက်
ရိုက်ချ ယူဆောင်သွားလိုက်နဲ့
ဒါ တိုက်ရိုက်ပြနေတဲ့ ရှုံးထွက်ပွဲစဉ်ပဲ၊
ကိုယ့်ဂိုးထဲ ၀င်သွားတဲ့ ဘောလုံးတွေအားလုံး
ငါ ကန်သွင်းခဲ့တာ။
အလှပဆုံးသော မှားယွင်းမှုဟာ
သီချင်းတစ်ပုဒ်မှာ ကီးစမြင့်ခဲ့တယ်
အဲဒီသီချင်းဟာလည်း
(ကိုယ့် ဘဝမှာ)
အိပ်မက်ထိ ခေတ်စားဆဲပဲ။
ဝတ္တရားကျေ မေ့ပစ်ခြင်းရဲ့
ဘေးထွက်ဆိုးကျိုးဟာ
သတိရခြင်းဆိုတာ ပြောဖြစ်အောင်ပြောလိုက်ပါ
သီချင်းလေးရေ............။
အဲဒါ ခက်တာပဲ
(အရည်ပျော်သွားမှာ စိုးလို့ထင်ရဲ့---)
မကုန်သေးတဲ့ စားလက်စ ရေခဲမုန့်ကို
အမှိုက်ပုံးထဲ သူမက ထိုးထည့်ပစ်လိုက်ပြီ။
နောက်ဆုံးတော့
ငါဟာ လမ်းခွဲဘူတာလေးပဲ၊
ရထားလေးကတော့
တငြိမ့်ငြိမ့် ထွက်ခွာသွားလေရဲ့
ဟိုး . . . .အဝေးကို။
ဒီကဗျာရဲ့ အဓိပ္ပါယ်ကို
သူငယ်ချင်း
မင်း လျှောက်တွေးမနေပါနဲ့ကွာ
ဟုတ်တယ်
ဒါဟာ အကြောင်းကြောင်းကြောင့် ဆက်မရေးဖြစ်တော့တဲ့
ကဗျာတစ်ပုဒ်ပဲ။ ။
+ စိုးလှိုက်ဦး +
Labels: love, စိုးလှိုက်ဦး
ဒီကဗျာရဲ့ အဓိပ္ပါယ်ကို
သူငယ်ချင်း
မင်း လျှောက်တွေးမနေပါနဲ့ကွာ
ဟုတ်တယ်
ဒါဟာ အကြောင်းကြောင်းကြောင့် ဆက်မရေးဖြစ်တော့တဲ့
ကဗျာတစ်ပုဒ်ပဲ။ ။
မတွေးနဲ့ဆိုပေမယ့်တွေးနေမိတယ်ကဗျာဆရာ
Posted by
မသက်ဇင် |
May 1, 2009 at 3:42 PM
ကဗျာတွေအတော်ကောင်းတယ်ရှင်
Posted by
မေမေခင် |
October 17, 2009 at 9:09 AM
ဒါဟာ အကြောင်းကြောင်းကြောင့် ဆက်မရေးဖြစ်တော့တဲ့
ကဗျာတစ်ပုဒ်ပဲ။ ။
ဆက်ရေးပါရှင်
Posted by
Unknown |
November 1, 2009 at 7:12 AM
ကမ္ဘာကြီးပြားသွားခြင်းက
ကံကောင်းထောက်မသော လွဲချော်မှု့တစ်ခုကို
လှလှပပ တည်ဆောက်ခဲ့တယ်။
တည်ဆောက်ခဲ့သမျှ
အရာရာနဲ့ အကြောင်းကြောင်းချည်းပဲ
လဲကျခဲ့တဲ့ ခြေလှမ်းတိုင်းဟာလည်း
သူမဆီကိုချည်းပဲ။
ယနေ့ဟာ ကမ္ဘာကြီးပြား နေပါပြီရှင်
Posted by
မေမေခင် |
November 3, 2009 at 1:55 PM
အလှပဆုံးသော မှားယွင်းမှုဟာ
သီချင်းတစ်ပုဒ်မှာ ကီးစမြင့်ခဲ့တယ်
အဲဒီသီချင်းဟာလည်း
(ကိုယ့် ဘဝမှာ)
အိပ်မက်ထိ ခေတ်စားဆဲပဲ။
မှားယွင်းမှုမှာအလှပဆုံးတဲ့လားရှင်
Posted by
Unknown |
December 3, 2009 at 3:14 PM