« Home | ဂြိုဟ်ပဲ့ပေါ်မှာ ထွင်းထုထားတဲ့ ပေးစာ » | အရေးတကြီးသစ်ပင် » | အချစ်ဦး » | အရေးပေါ် လူနာ » | နွေရာသီပြဇာတ် » | ကြိုးမညီတဲ့ သီချင်း »

ညီမလေးရဲ့ခေတ်ပေါ်ချွေးနံ့

ညီမလေးကငယ်တော့ ပေါ့ပေါ့ပါးပါးရယ်တတ်တယ်
ညီမလေးရဲ့ ရယ်သံထဲ
ဣနြေ္ဒက
တီရှပ်ကျပ်ကျပ်နဲ့ ထမီစကပ်အကွဲတွေ ၀တ်တယ်
မျက်နှာပေါင်းတင် မျက်တောင်တုတပ်ပြီး
ဒေါက်မြင့်မြင့် ခုံထူထူဖိနပ်ကိုလည်း စီးတယ်
မျက်လုံးလေးထောင့်ကပ်ကြည့်လိုက်ရင် ကြယ်တွေတဖြုတ်ဖြုတ် ကြွေကျလာမယ်
သွေးသားဆူဖြိုးတဲ့ စိတ်ခံစားမှုကို ပိတ်ဆို့မထားချင်တာနဲ့
ဣနြေ္ဒက
တောင်တန်း ချိုင့်ဝှမ်းတွေရဲ့ မမြင်ကွယ်ရာအလှတွေကို
တစ်ဝက်ဖော် တစ်ဝက်ဖုံးပြီး လေညှင်းခံထွက်တယ်၊
နီတိတွေကို နှုတ်ခမ်းနီ ပါးနီ ဆိုးပြီးတဲ့နောက်
သတင်း အဖြစ်အပျက် တွေ မြန်ဆန်ပြီး
အလျားအနံ ကျုံ့လာတဲ့ ကမ္ဘာကြီးမှာ
အလိုဆန္ဒထက် ခြေတစ်လှမ်း ပိုစော
သံယောဇဉ်ကို ချုံ့ ပစ်ဖို့
ဆံပင်တိုတို ဖြတ်ပစ်လိုက်တယ်
ညီမလေးက
ငယ်တော့
ပေါ့ပေါ့ပါးပါး ရယ်တတ်တယ်

ညီမလေးက
အိပ်မက်ကို ရွှေအိမ်မှာ စံနိုင်ဖို့
(လိုအပ်ရင်) ခန္ဓာတစ်ကိုယ်လုံး ဆယ့်နှစ်ကြိုးနဲ့ တစ်ပြိုင်နက်
တီးခတ် တတ်တယ်
နမ်းခန်း လွမ်းခန်းတွေ တင်ဆက်ဖို့
ပျော်ရွှင်ရာ ကမ်းမဲ့လမ်းမဲ့ဘုံကို ခပ်ကြမ်းကြမ်းစုန်တက်တတ်တယ်
ညီမလေးက
ကျောပိုးအိတ်တစ်လုံးနဲ့ ခေတ်ကြီးကိုထည့်လို့
ခေတ်ကြီးထဲ
သံသရာတစ်သိန်းလောက် နက်ရှိုင်းတဲ့ ပါးချိုင့်လေးကိုထည့်လို့
အသံတစ်ဆုံး နစ်မြုပ်အောင်ညှို့နိုင်တဲ့ သွားတက်ကလေးကိုထည့်လို့
ပြီးတော့
ရောင်းရန် ရှိသည် ဆိုတဲ့ စာတန်းတစ်ခု
ဂဏန်းတွက်စက် တစ်လုံး
တစ်ခါသုံး သမုဒယ တစ်ကဒ်
ပြီးတော့
ဆေးရည်စိမ်ထားတဲ့ ချစ်မေတ္တာနဲ့ နှလုံးသားတစ်စုံ
ပြီးတော့
ညီမလေးက ပေါ့ပေါ့ပါးပါးရယ်တတ်တယ်လေ။ ။
- ဇော်ဟိတ် -၂၀၀၃ -

Labels: , ,

ဒီကဗျာကို ကြိုက်ပါတယ် ခင်ဗျား..။ တစ်ခါ ကလေး ရောက်တုန်းက ကိုခေါင်ခါးခါး ဆီမှာ ကိုဇော်ဟိတ်ရဲ့ ကဗျာ စာမူတွေ တွေ့ခဲ့လားလို့ စဉ်းစား နေတာပါ။

"ညီမလေးရဲ့ခေတ်ပေါ်ချွေးနံ့"
လည်း
သိပ်ကြိုက်တယ်

Post a Comment

Feeds & Traffic


Powered by  MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Msn bot last visit powered by MyPagerank.Net


Recent Comments




Visitors


FREE Hit Counters!

License


Creative Commons License
MyLittlePoemFactory by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at daywalker-poem.blogspot.com.
Permissions beyond the scope of this license may be available at http://daywalker-poem.blogspot.com.