« Home | ကြိုးမညီတဲ့ သီချင်း »

နွေရာသီပြဇာတ်

ကျွန့်တော့် ရဲ့ ချစ်လှစွာသော
ပြဇာတ်မင်းသမီးချော ခင်ချိုရည်ရေ...
ကျွန်တော်ဟာ
ဆူနာမီက လွတ်ခဲ့တယ်လို့ ခင်ဗျားဘာသက်သေပြနိုင်လို့လဲ
ခင်ဗျား မတော်တဆ တိုက်ချခဲ့တဲ့ စိတ်က
ကျွန်တော့် တစ်ဘ၀စာလုံး စွတ်စိုထိုင်းမှိုင်းစေခဲ့တာပဲ...။
နောက်ပြီး...
ခင်ဗျားဟာ
စကြာဝဠာသံထွက်တဲ့ မြစ်ပဲ
တစ်စုံတစ်ခုကို အမြဲ ၀ှက်ယူ စီးဆင်းတတ်တယ်
အဲဒီ တစ်စုံတစ်ခုဟာ...
ကျွန်တော်ပိုင်တဲ့ ကျွန်တော်အတုလည်း ဖြစ်နိုင်တယ်
ဟန်ဆောင်ပန်ဆောင် ရောဂါသည်းသည်း တွေလည်း ဖြစ်နိုင်တယ်
အလျော့ အတင်းတွေနဲ့ လွန်းတင်ထားတဲ့ ရင်ခုန်သံတွေလည်း ဖြစ်နိုင်တယ်

မှောင်နဲ့ မည်းမည်း မြင်းကွင်းအကန်းလေးထဲ
မျှော်လင့်ချက်လေး အစုန်အဆန်ကူးခတ်နေမိတာ
နီးမလာနိုင်တဲ့ မျက်ဝန်းလေးထဲ ၀ပ်ကျင်းဖွဲ့နေမိတာ
နေမမြင့်ပေမယ့် အရူးရင့်နေမိတာ
အစွဲအလမ်း ကြီးရတဲ့ အထဲ
ခင်ဗျားကလဲ
အသဲကွဲအရောင်တွေကိုပဲ ထည်လဲ ၀တ်တတ်တယ်
သေတဲ့အထိ ဆေးလိပ် ဖြတ်မသွားတဲ့ အဘွားကို
ခင်ဗျားနဲ့ တွေ့ မှ
ကျွန်တော် သေသေချာချာ နားလည်နိုင်ခဲ့ ပါပြီ ။

ဘယ်လို ပြန်လည် မြင်ယောင် ကြည့်ရဦးမှာလဲ
“အမြဲ သတိရပါ့မယ်”တဲ့
ခင်ဗျားရဲ့ နှုတ်ခမ်းတွေ ခုထိ စွတ်စိုနေဦးမလား
ကျွန်တော် မတွေးရဲဘူး ။
ခရမ်းရောင် ၀မ်းဆက်တွေ ၀တ်ပြီး
ပြန်ဆုံမယ့် ညနေ လို့ ခင်ဗျား ကားလိပ်ချသွားတဲ့
နွေရာသီပြဇာတ် တစ်ပုဒ်ကို
အသံတိတ် ကကြိုးတွေနဲ့ ကခဲ့ဖူးတယ် ။
ကြော်ငြာ အချပ်ပို တစ်ရွက်လို ဒီပြဇာတ်က
နွေသစ်ရွက်တွေနဲ့ ရောပြီး ပျောက်ရှတယ်
ပြဇာတ်မင်းသမီးချော ခင်ချိုရည် ကိုယ်တိုင်ရောပါပဲ...။
(မေမေ့ ပုံပြင်တွေဟာ
သွေးထွက်အောင် မှန်ခဲ့တာပဲ ။ )

ချစ်လှစွာသော...
ပြဇာတ်မင်းသမီးချော ခင်ချိုရည်ရေ...
ဟောဒီ နွေလယ်ခေါင်မှာ
ခင်ဗျားလဲ...အကယ်ဒမီတွေနဲ့ လွဲခဲ့ရသလို
ကျွန်တော်လည်း ခင်ဗျားနဲ့ လွဲခဲ့ရတာပါပဲ ။ ။
- စိုးလှိုက်ဦး -

Labels: ,

ချစ်လှစွာသော...
ပြဇာတ်မင်းသမီးချော ခင်ချိုရည်ရေ...
ဟောဒီ နွေလယ်ခေါင်မှာ
ခင်ဗျားလဲ...အကယ်ဒမီတွေနဲ့ လွဲခဲ့ရသလို
ကျွန်တော်လည်း ခင်ဗျားနဲ့ လွဲခဲ့ရတာပါပဲ ။ ။

ကောင်းပါပေ့ကဗျာတပုဒ်

ပြဇာတ်မင်းသမီးချော ခင်ချိုရည်ရေ...

တမ်းချင်းကဗျာလားရှင့်

Post a Comment

Feeds & Traffic


Powered by  MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Msn bot last visit powered by MyPagerank.Net


Recent Comments




Visitors


FREE Hit Counters!

License


Creative Commons License
MyLittlePoemFactory by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at daywalker-poem.blogspot.com.
Permissions beyond the scope of this license may be available at http://daywalker-poem.blogspot.com.